Mi Chest Bag

  • MMK 38,000
    Unit price per 


Quality အတော်လေးကိုကောင်းတဲ့ Mi က ကိုယ်တိုင်ထုတ်တဲ့ chest bag လေးတွေ ရောက်ပါတယ်။

ကိုယ်တိုင်စမ်းသုံးကြည့်သလောက် quality တင်မကဘူး design ကောင်းကောင်းလုပ်ထားတော့ ချပ်ချပ်ရပ်ရပ်နဲ့ ပစ္စည်းလဲ အတော်ဝင်ဆန့်ပါတယ်။
နေ့စဉ်သုံးတင်မကပဲ ခရီးသွား ပါဆောင်လို့ ကောင်းကောင်းရပါတယ်။

သူ့အိတ် design အကန့်တွေကို Mi က quadruple space လို့ ခေါ်ထားတဲ့အတိုင်းပဲ space ၄ ခု ပါ ပါတယ်။

အတွင်းဆုံးမှာ အရေးကြီးတဲ့ ဖုန်း, passport, card တွေ သိမ်းလို့ရတဲ့ anti theft design နဲ့ပါ။
ဖုန်းပွန်းရာမထင်အောင်ရယ် body နဲ့ကပ်နေတော့ skin friendly ဖြစ်အောင် soft cushion အတွင်းအပြင်ပါ။

အလယ်အကန့်ကတော့ capacity များပါတယ်။ ပိုက်ဆံအိတ်ကစလို့ personal items တွေ power bank အကြီးတွေအထိ ထည့်လို့ရပါတယ်။

front bag က အသေးပါ။ ထုတ်သုံးနေကျ ID card လို သော့လိုမျိုးသိမ်းလို့ရပါတယ်။ သော့အတွက် ချိတ်ထားဖို့ ကြိုးလေးတချောင်းပါတာလဲ သဘောကျဖို့ကောင်းပါတယ်။ ဆွဲထုတ် သော့ဖွင့်ပီး ပြန်ချိတ်ထားလို့ရတော့ သော့အလွယ်တကူမပျောက်တော့ဘူး။

အိတ် ၂ ခုရဲ့ဆက်ထားတဲ့အလယ်မှာ ရေနွေးဗူးထည့်လို့ရတဲ့ partition တခု ပါသေးတယ်။ 500ml ဗူးလောက်ဆန့်ပါတယ်။ elastic ဖြစ်တော့ မသုံးရင် အဲ့ဒီ အကန့်က ချပ်ချပ်ရပ်ရပ်လေးပါပဲ။

Level 4 water repellent coating ပါဝင်တဲ့အတွက် မိုးရေနဲနဲပါးပါး splash proof ဖြစ်ပါတယ်။
ပေသွားရင်လဲ အလွယ်တကူ သုတ်လိုက်လို့ရပါတယ်။

လွယ်ကြိုး ဇစ်တွေကအစ မကြပ်ပဲ သုံးရတာ ရှောရှောရှူရှူရှိပြီး quality အတော်ကောင်းတာပါ။ chest bag သာမက waist bag လိုလဲ သုံးလို့ရပ့သေးတယ်။

Mi ရဲ့ထုံးစံ ပေးရတာနဲ့ ပြန်ရတာမှာ အတော်ကိုတန်တဲ့ပစ္စည်းလေးပါ။