Mi Mosquito Repellent Night Lamp

  • MMK 78,000
    Unit price per 


Mosquito Repellant Canping Night Lamp ဆိုပြီး Mi Store ကနေ ထပ်ရောက်ထားပါတယ်။

မြန်မာလိုဆိုရင်တော့ ခြင်ပြေးမီးလုံးလို့ပဲခေါ်ရမလား?

ရှေးပုံစံ lamp ပုံစံနဲ့ Light bulb ကို tungsten type ဆိုတော့ nostalgic ဖြစ်တဲ့ vintage design ပုံစံပါ။

ခြင်မလာစေဘူး ဆိုတဲ့အချက်က မီးလုံးကြောင့်ပါ အနံ့ကြောင့် မဟုတ်ပါဘူး။

530-590 nm ကြားမှာရှိတဲ့ အလင်းရောင်ရဲ့ wavelength ကို ခြင်တွေကို uncomfortable ဖြစ်စေတယ်လို့ဆိုပါတယ်။ သူတို့ရဲ့ anti light characteristic ပါ။
(ခြင်မျိုးစိတ်တခုနဲ့တခုတော့ ကွာပါလိမ့်မယ်)

camp lamp, mosquito repellent lamp ဆိုပေမယ့်လဲ သူ့ design က အိမ်မှာ night lamp လို decorating lamp လိုလဲ သုံးလို့ရပါတယ်။

rechargeable type ပါ battery ပါ ပါတယ်။ Type C USB နဲ့ အားသွင်းနိုင်ပါတယ်။

အလင်းရောင်အတိုးအလျော့ ချိန်လို့ရပါတယ်။ low light မှာ ၃၅ နာရီလောက် အသုံးခံတယ်လို့ ဆိုပါတာ်။